
Digital Transformation ဆိုသည့် concept သည် ယခုအချိန်တွင် ခေတ်အစားဆုံး လုပ်ငန်းရှင်အကြီးအသေးများကြားတွင် ရေပန်းအစားဆုံး topic တစ်ခုဖြစ်ချင်ဖြစ်နေပါလိမ့်မည်။ သို့သော် business processများ၊ ထုတ်ကုန်များ နှင့် ဝန်ဆောင်မှုများကို ဒီဂျစ်တယ်အသွင်ပြောင်းခြင်း concept သည် ၉၀ ခုနစ် အစောပိုင်း နှင့် ၂၀၀၀ ခုနှစ်များကတည်းက မိတ်ဆက်ထားပြီးဖြစ်သည်။ ၂၀၁၀ နောက်ပိုင်းမှသာလျှင် စမတ်ဖုန်းများ၊ ဆိုရှယ်မီဒီယာများ တစ်ဟုန်ထိုးပေါ်ပေါက်လာခြင်းနှင့်အတူ Digital Transformation သည်လည်း အရှိန်ရလာခြင်းဖြစ်သည်။
Digital Transformation ကို ပညာရှင်များမှ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ဆိုထားကြသည်။ Digital Transformation ၏ အနှစ်သာရအကုန်လုံးကို ခြုံငုံ၍ ပြည့်ပြည့်ဝဝ အဓိပ္ပါယ်ဖွင့်ဆိုရန်မှာ အင်မတန်ခက်ခဲလှသည်။ အဘယ်ကြောင့်ဆိုသော် Digital Transformation နယ်ပယ်ထဲတွင် လုပ်ဆောင်ရမည့် အရာများမှာ အလွန်ကျယ်ပြန့်လှသောကြောင့်ဖြစ်သည်။ "What is Digital Transformation?" ဟု ရိုက်ရှာကြည့်ပါက အမျိုးမျိုးသော အဓိပ္ပါယ်ဖွင့်ဆိုချက်များကို တွေ့ရပါလိမ့်မည်။ တစ်ချို့ဖွင့်ဆိုချက်များက အကျယ်ချဲ့ထားပြီး တစ်ချို့ဖွင့်ဆိုချက်များကမူ လိုတိုရှင်း ဖွင့်ဆိုထားသည်။ Industry Leading role နေရာတွေမှာ နေရာယူထားတဲ့ အဖွဲ့အစည်းများမှ ဖွင့်ဆိုထားသော အဓိပ္ပါယ်ဖွင့်ဆိုချက်များထဲမှ အချို့ကို စာဖတ်သူတို့အတွက် ကောက်နုတ်တင်ပြထားလိုက်ရပါတယ်။
ကုမ္ပဏီပေါင်းများစွာကို ဒီဂျစ်တယ်နည်းပညာများဖြင့် ပံ့ပိုးပေးနေသည့် SalesForce ကတော့ "Digital transformation is the process of using digital technologies to create new — or modify existing — business processes, culture, and customer experiences to meet changing business and market requirements." ဟု အဓိပ္ပါယ်ဖွင့်ထားသည်။ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းဆိုသည်မှာ စီးပွားရေးနှင့် စျေးကွက်ဆိုင်ရာ အပြောင်းအလဲများကို အလှမ်းမှီစေရန် စီးပွားရေးလုပ်ငန်းစဥ်များ၊ အဖွဲ့အစည်းအတွင်းယဥ်ကျေးမှု နှင့် ဖောက်သည်များမိမိလုပ်ငန်းနှင့်ထိတွေ့ဆက်ဆံရာတွင် အတွေ့အကြုံများ စသည်တို့ကို ဒီဂျစ်တယ်နည်းပညာများ အသုံးပြုပြီး အသစ်ဖန်တီးခြင်း၊ ရှိပြီးသားအရာများကို ပြုပြင်မွမ်းမံခြင်း စသည်တို့ကိုပြုလုပ်ရသည့် လုပ်ငန်းစဥ်ဖြစ်သည်။ ဤနေရာတွင် စာရေးသူ ကောက်နှုတ်ပြသလိုသည်မှာ Digital Transformation သည် လက်ဖျောက်တစ်ချက်တီးလိုက်သည်နှင့် (နည်းပညာတစ်ခုခု အသုံးပြုလိုက်သည်နှင့်) ပြီးဆုံးသွားသည့်အရာမဟုတ်သည်ကို မီးမောင်းထိုးပြလိုပါသည်။ Digital Transformation သည် အချိန်တစ်ခုယူပြီး တည်ဆောက်ရသည့် လုပ်ငန်းစဥ်ဖြစ်ပါတယ်။
The Forrester Wave ရဲ့ Digital Transformation Services Q4 2020 report အရ Digital Transformation ဝန်ဆောင်မှုပေးနေသူများထဲမှ Leader ဟု သတ်မှတ်ခံခဲ့ရသည့် McKinsey ကတော့ "an effort to enable existing business models by integrating advanced technologies" ဟု ၎င်း၏ ဆောင်းပါးတစ်ခုတွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ ရှိပြီးသား business model များအား အဆင့်မြင့်နည်းပညာများ ပေါင်းစပ်ပြီး လမ်းကြောင်းအသစ်/စွမ်းဆောင်ရည်အသစ်များဖွင့်ရန် အားစိုက်ထုတ်မှုတစ်ခု ဟု ဖော်ပြထားချက်တွင် စာရေးသူ မီးမောင်းထိုးပြလိုသည်မှာ "effort - အားစိုက်ထုတ်မှု" ဆိုသည့် စကားလုံးဖြစ်သည်။ မှန်ပါသည်။ Leader များ အနေဖြင့် ကိုယ့်လုပ်ငန်းအား ဒီဂျစ်တယ်အသွင်ကူးပြောင်းသောအခါ အားအင် အမျိုးအစားပေါင်းစုံကို စိုက်ထုတ်ရစမြဲဖြစ်သည်။ McKinsey ကဲ့သို့ အကောင်းစား အကြံပေးအဖွဲ့များ ငှားရမ်း၍ အကူအညီများရယူစေကာမူ မိမိကိုယ်တိုင် အားအင်စိုက်ထုတ်ရသည့် လုပ်ငန်းစဥ်တစ်ခုဖြစ်ပါသည်။

Harvard ပရော်ဖက်ဆာ တစ်ဦးဖြစ်တဲ့ Michael Porter ကတော့ "Digital transformation is the strategic repositioning of one’s business in the digital economy" လို့ ပြောထားပါသေးတယ်။ ဒီဂျစ်တယ်အသွင်းကူးပြောင်းခြင်းသည် တစ်ဦးတစ်ယောက်၏ စီးပွားရေးလုပ်ငန်းတစ်ခုကို ဒီဂျစ်တယ် economy ထဲတွင် မဟာဗျူဟာကျကျ ပြန်လည်နေရာယူခြင်း ဆိုတဲ့ ဖွင့်ဆိုချက်မှာ စာရေးသူ နှစ်သက်သည့် စကားလုံးကတော့ "Strategic - မဟာဗျူဟာမြောက်" ဆိုသည့် စကားလုံးပဲဖြစ်ပါတယ်။ ဟုတ်ပါသည်။ ဒီဂျစ်တယ်အသွင်းကူးပြောင်းခြင်းသည် လုပ်ငန်းလည်ပတ်မှုစွမ်းဆောင်ရည်(Operational Efficiency) တက်အောင် ပြုလုပ်သည်ထက် မဟာဗျူဟာကျကျ စဥ်းစားလုပ်ဆောင်ရန်လည်းလိုအပ်ပါတယ်။
ဒီလောက်ဆိုရင်တော့ Digital Transformation ဆိုတာ ဘာလဲ ဆိုတာကိုတော့ အနည်းနဲ့အများ တီးမိခေါက်မိသွားလိမ့်မယ်လို့တော့ ထင်မြင်မိပါတယ်။ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေက အမျိုးမျိုးရှိနေတာဖြစ်ပြီး တိကျတဲ့ ဖွင့်ဆိုချက်တစ်ခုဆိုပြီး မရှိပါဘူး။ သို့သော် စာဖတ်သူတို့ သတိပြုမိရမှာသည် Digital Transformation ဆိုသည်မှာ မဟာဗျူဟာကျကျ သင့်လုပ်ငန်း၏ အစိတ်အပိုင်းများကို အားအင်စိုက်ထုတ်၍ ဒီဂျစ်တယ်နည်းပညာသုံးကာ အဆင့်မြှင့်တင်သည့် အချိန်ပေးရသော လုပ်ငန်းစဥ်တစ်ခုဖြစ်တယ်ဆိုတာကိုတော့ ဒီဆောင်းပါးမှတစ်ဆင့် နားလည်သွားစေချင်ပါသည်။
လုပ်ငန်းငယ်များအနေဖြင့် ဘာကြောင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းရေးအတွက် ရင်းနှီးမြုပ်နှံသင့်သလဲ???
ကဲ Digital Transformation အကြောင်းကို အနည်းနဲ့အများ သိရှိသွားပြီဆိုတော့ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဘာကြောင့် ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းအတွက် ရင်းနှီးမြုပ်နှံသင့်သလဲဆိုတာကို ရှင်းပြပေးလိုပါတယ်။
မှတ်ချက်။ ။ Digital Transformation ကို DT ဟု အတိုကောက် သုံးနှုန်းသွားမည်ဖြစ်သည်။
လုပ်ငန်းများအနေဖြင့် DT အတွက် အဆင့်သင့် ဖြစ်ဖြစ် မဖြစ်ဖြစ် ကမ္ဘာ့ကပ်ရောဂါက လုပ်ငန်းအများစုကို DT လမ်းကြောင်းပေါ်သို့ ဖိအားပေးတွန်းပို့လိုက်သည်။ ထိုကဲ့သို့ တွန်းပို့လိုက်သည်ကို ကွက်ကွက်ကွင်းကွင်းမြင်ရသည်မှာ International Data Corporation မှ ထုတ်ဝေသော Worldwide Digital Transformation Spending Guide တွင်ဖြစ်သည်။ IDC မှ ကမ္ဘာလုံးဆိုင်ရာ DT အတွက် ငွေကြေးသုံးစွဲမှုသည် ၂၀၂၀ တွင် ၁.၃ ထရီလီယံအထိ ၁၀.၄ ရာခိုင်နှုန်းခန့် မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ ၎င်း ခန့်မှန်းချက်သည် ၂၀၁၉ ၏ ၁၇.၉ ရာခိုင်နှုန်းနှင့် ယှဥ်လျှင် နည်းနိုင်သော်လည်း ကမ္ဘာ့ကပ်ရောဂါဖြစ်နေချိန်အတောအတွင်းမှာတောင်မှ ထို မှန်းဆချက်သည် အခြေအနေတစ်ခုတွင်ရှိသည်ကို မြင်တွေ့ရပါသည်။
လက်တစ်ဆုပ်စာမျှရှိသော လုပ်ငန်းများသာ DT ၏ အဆင့်မြင့်အပိုင်းများတွင်ရောက်နေပြီး လုပ်ငန်းအများစုမှာမူ DT အတွက် Mature (ရင့်ကျက်အဆင်သင့်ဖြစ်မှု) မရှိသေးသည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံအနေအထားဖြင့်ဆိုရင်လည်း လုပ်ငန်းအများစုမှာ ရင့်ကျက်အဆင့်သင့်ဖြစ်မနေကြပါ။ အချို့သော ငွေကြေးတောင့်တင်းသော လုပ်ငန်းကြီးများတောင်မှ ကြိုးစားဆဲ အခြေအနေကိုတွေ့မြင်ရသည်။ လုပ်ငန်းငယ်များအတွက် Growth ကို ရှာဖွေရာတွင် DT သည် အင်မတန် အရေးကြီးသော အခန်းကဏ္ဍတွင်ပါဝင်သည်။ လုပ်ငန်းငယ်များအနေဖြင့် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှူများကို ဒီဂျစ်တယ်ပုံစံသို့ပြောင်းခြင်း(Digitisation) ပြုလုပ်ထားလျှင်ပင် အနာဂတ်တွင် Growth ကို ရှာဖွေသောအခါ ပို၍ လွယ်ကူနေမည်ဖြစ်သည်။ ဥပမာ စာရင်းအင်းများကို စာရွက်နှင့် လုပ်နေမည့်အစား Excel Sheet သို့မဟုတ် Wave Accounting ကဲ့သို့ အသုံးပြုရလွယ်ကူသည့် နည်းပညာများကို စတင်အသုံးပြုနေသင့်သည်။
Digital Transformation သည် Growth ကို ဖြစ်စေသည်။
Cisco မှ ထုတ်ဝေတဲ့ 2020 Small Business Digital Transformation: A snapshot of eight of the World's Leading Markets report တွင် ဘရာဇီး၊ ကနေဒါ၊ ချီလီ၊ ပြင်သစ်၊ ဂျာမနီ၊ မက်ဆီကို၊ UK နှင့် US တို့ရှိ လုပ်ငန်းငယ်ပေါင်း ၂၀၀၀ ကျော်အား သုံးသပ်ခဲ့ရာ ၇၂ ရာခိုင်နှုန်းသော လုပ်ငန်းများမှာ Covid-19 ၏ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် ၎င်းတို့၏ ဒီဂျစ်တယ်နည်းပညာများအသုံးပြုခြင်း(Digitalisation) အား အရှိန်မြှင့်တင်ခဲ့ကြသည်။ ဆိုလိုသည်မှာ ကိုဗစ်ကာလအတွင်းမှာတောင်မှ လုပ်ငန်းအများစုသည် ၎င်းတို့၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းခြင်းကို အရှိန်မြှင့်တင်နေကြသည်ကို တွေ့ရပါသည်။ IDC ၏ သုသေတနတစ်ခုတွင်လည်း ဒီဂျစ်တယ်အသွင်ပြောင်းခြင်းအောင်မြင်သည့်လုပ်ငန်းငယ်များသည် အသွင်မပြောင်းထားသူများထက် ကြိမ်ရေများစွာ ပို၍ အရောင်းရကြောင်းကိုလည်း ဖော်ပြထားသည်။
ထို အစီရင်ခံစာမှ စိတ်ဝင်စားစရာကောင်းသော အချက်နောက်တစ်ခုမှာ ဖော်ပြပါ စျေးကွက် ၈ ခု၏ GDP ၄၈ ရာခိုင်နှုန်း (သို့) ၁၇ ထရီလီယမ် ဒေါ်လာ ခန့်ကို လုပ်ငန်းငယ်များမှ ရရှိသည်ကိုတွေ့ရသည်။ အကယ်၍ ထိုလုပ်ငန်းငယ်များမှ ဒီဂျစ်တယ်အသွင်းကူးပြောင်းရေးကိုပိုမိုလုပ်ဆောင်လာပါက ၂၀၂၄ တွင် ၅.၆ ရာခိုင်နှုန်း (သို့) ၂.၃ ထရီလီယမ်ဒေါ်လာအထိ ထပ်ဆောင်း GDP ရရှိမှာပဲဖြစ်ပါတယ်။ ထို စီးပွားရေးများအတွက် လုပ်ငန်းငယ်များ၏ အရေးပါပုံ၊ လုပ်ငန်းငယ်များ ဆက်လက်ရှင်သန်နိုင်ရေး၊ လုပ်ငန်းငယ်များ ဒီဂျစ်တယ်အသွင်ကူးပြောင်းရေး စသည်တို့သည် မည်မျှ အရေးပါကြောင်းကို ထို အချက်အလက်များက မီးမောင်းထိုးပြနေပါတယ်။
Covid-19 က စားသုံးသူများ၏ ဘဝကို အဖက်ဖက်မှ ပြောင်းလဲစေပါသည်။
Covid-19 သည် လုပ်ငန်းများအား DT ပြုလုပ်ရန် ဖိအားပေးသည်မှာ ငြင်းဆန်၍ မရတဲ့ အချက်တစ်ခုပင်ဖြစ်သည်။ သို့သော် Covid-19 မှ တစ်ဆင့် ပြောင်းလဲလာသော Consumer Behaviour အသစ်များကိုလည်း စာဖတ်သူတို့ နားလည်ထားရန်လိုသည်။ ထိုမှသာ ဘာကြောင့် DT က အရေးကြီးသလဲဆိုတာကို စာဖတ်သူတို့ပိုမိုနားလည်လာလိမ့်မည်ဖြစ်သည်။
စားသုံးသူများ၏ ဘဝအခြေအနေများသည် Covid-19 ကြောင့် အဖက်ဖက်မှ ပြောင်းလဲနေသည်ဆိုတာကို သင်လည်း သတိမူမိမည်ဟု ယူဆပါသည်။ စာရေးသူမှ ပို၍ မီးမောင်းထိုးပြလိုသောကြောင့်အကျယ်ဖော်ပြပေးလိုက်ရပါသည်။ McKinsey နှင့် Oxford Economics တို့မှ ပူးပေါင်း၍ ပြုလုပ်ထားသော “How Covid-19 is changing consumer behavior - now and forever” တွင် ထိုပြောင်းလဲလာသော consumer behaviour ကို ထင်ထင်ရှားရှားတွေ့မြင်ရသည်။
အလုပ် -
သင်ယူခြင်း -
ဆက်သွယ်မှုများ နှင့် သတင်းအချက်အလက်စားသုံးမှု -
ခရီးသွားခြင်း -
စျေးဝယ်ခြင်း နှင့် စားသုံးမှု -
အိမ်တွင်အနေများ -
ဖျော်ဖြေရေး -
ကျန်းမာရေး နှင့် သာယာဝပြောရေး -

အထက်ဖော်ပြပါ ကဏ္ဍများသည် သင့် ဖောက်သည်တစ်ယောက်၏ ဘဝတွင် Covid-19 ကြောင့် ပြောင်းလဲသွားသောအရာများဖြစ်သည်။ ၎င်း ဖော်ပြပါအသေးစိတ်အချက်များမှာမူ ယေဘုယျတွက်ချက်မှုပေါ်ကိုသာအခြေခံထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ ဖြစ်စဥ်များနှင့် အလုံးစုံ ဆင်တူမည်မဟုတ်ပါ။ သို့သော် ၎င်း framework အား အသုံးပြု၍ သင်၏ ဖောက်သည်များ၏ ပြောင်းလဲလာသော behaviour များကို လေ့လာနိုင်သည်။ Digital adoption (ဒီဂျစ်တယ်စတင်သုံးစွဲမှု) ဟာလည်း ဆယ်စုနှစ်များတွင် ရရှိရမည့် အဟုန်သည် ရက်သတ္တပတ်အနည်းငယ်အတွင်း ရရှိသည်ကိုလည်းတွေ့မြင်ကြရသည်။ ဥပမာ - e-commerce တိုးတက်လာခြင်းကြောင့် ၁၀ နှစ်ကြာမည့် အဟုန်သည် ၈ ပတ်တည်းတွင် ရရှိခဲ့သည်။ Telemedicine သည်လည်း ၁၅ ရက်အတွင်း ၁၀ ဆ၊ Remote Learning အတွက် တရုတ်ပြည်တွင် ၂ ပတ်အတွင်း ကျောင်းသားပေါင်း သန်း ၂၅၀၊ Online Entertainment နယ်ပယ်တွင် Disney Plus သည် Netflix ၇ နှစ် ကြိုးစားခဲ့ရသောအောင်မြင်မှုကို ၂ လတည်းနှင့် ရခဲ့သည်။ စသည်တို့ကို ကြည့်ခြင်းအားဖြင့် Covid ကြောင့် ပြောင်းလဲလာသော behaviour များကို တွေ့မြင်နိုင်သည်။ အချို့သော behaviour များသည် ကိုဗစ်အခြေအနေပြန်လည်ကောင်းမွန်လာသော်လည်း ဆက်လက်၍ တည်တံ့သွားနိုင်သည့် consumer behaviour များရှိသကဲ့သို့ ကိုဗစ်အလွန်တွင် ပုံမှန်ပြန်ဖြစ်သွားနိုင်သည့် behaviour များလည်း ရှိနေမှာဖြစ်ပါတယ်။ ဥပမာ - UK တွင် Premier League ပွဲများပြန်လည်စတင်၍ ပွဲကြည့်ပရိသတ်များနှင့် ပြည့်လျှံနေသည်ကိုတွေ့ရမည်ဖြစ်သည်။ ထို consumer behaviour များကို သင်နားလည်ခြင်းအားဖြင့် နည်းပညာအသုံးပြုမှုနှင့် ပေါင်းစပ်ကာ ပိုမိုကောင်းမွန်သော customer experience များကို သင်ဖန်တီးပေးနိုင်မည်ဖြစ်သည်။ ဥပမာ လူအများစုသည် တစ်ပတ်တစ်ခါ စျေးဝယ်ထွက်လေ့ရှိကြသည်။ ကိုဗစ်စဖြစ်သောအခါ ဈေးဝယ်ထွက်ရန်အတွက် ကျန်းမာရေးဆိုင်ရာ ပြဿနာများကြောင့် လူများက ဆိုင်သို့သွားဝယ်ရန် ကြောက်ကြသည်။ ထိုအခါ အခြားသော နည်းလမ်းများကို စားသုံးသူများမှ စဥ်းစားကြသည်။ ၎င်းတို့အမြဲသွားဝယ်လေ့ရှိသော နေရာမှ အွန်လိုင်း မှတစ်ဆင့် မှာယူ၍ မရပါက အွန်လိုင်းမှတစ်ဆင့် မှာယူ၍ရသောနေရာသို့ စားသုံးသူများမှ မတွန့်မဆုတ်ပဲပြောင်းဝယ်ကြလိမ့်မည်ဖြစ်သည်။ ကိုဗစ်စဖြစ်ချိန်တွင် အွန်လိုင်းစျေးများ အများအပြားပေါ်ပေါက်လာသည်ကိုတွေ့နိုင်ပြီး ၎င်းဆိုင်များလည်း အတော်အတန်ရောင်းအားတစ်ခုရှိခဲ့ကြသည်။ City Mart သွားနေကျ စားသုံးသူများသည်လည်း Metro သို့မဟုတ် အခြားသော အွန်လိုင်းဈေးများသို့ ပြောင်းဝယ်ကြသည်ကိုလည်း တွေ့မြင်ခဲ့ကြရပြီးဖြစ်ပါသည်။ ဒါကြောင့် လုပ်ငန်းများကိုသာမက စားသုံးသူများကိုပါ ကိုဗစ်သည် ဒီဂျစ်တယ်လမ်းကြောင်းပေါ်သို့ တွန်းတင်ပေးလိုက်သလိုဖြစ်သည့်အတွက် သင့်အနေဖြင့် သင့်လုပ်ငန်းအား ထိုရေစီးကြောင်းများအတိုင်းလိုက်လံပြောင်းလဲရန် လိုအပ်သည်ကို သင်နားလည်သွားလိမ့်မည်ဟု ယူဆပါသည်။
ဟုတ်ပြီ! Digital Transformation သည် ဘာကို ဆိုလိုသလဲဆိုတာ သင်သိသွားပြီဖြစ်သလို ဘာကြောင့် သင့်လုပ်ငန်းမှာ Digital Transformation လုပ်သင့်တယ်ဆိုတာ သိလိုက်ရပြီဖြစ်လို့ ဒီဆောင်းပါးလေးကို သင်ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Digital Transformation ဆိုတာဘာလဲ???
Author: SMEHub Asia
December 1, 2021